January 2018
အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများဖြစ်ပေါ်လာပုံ
ဗုဒ္ဓဘုရားရှင်၏အဘိဓမ္မာဒေသနာတော်များကို လေ့လာသင်ကြားလျှက်ရှိသော သီလရှင်နှင့် လူပုဂ္ဂိုလ်များအတွက် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲကို ၁၉၅၂-ခုနှစ်မှ လည်းကောင်း၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)စာမေးပွဲကို ၁၉၅၅-ခုနှစ်မှလည်းကောင်း၊ ဝိသုဒ္ဓိမဂ် စာမေးပွဲကို ၁၉၅၇-ခုနှစ်မှလည်းကောင်း ကျင်းပခဲ့ပါသည်။
ဖြေဆိုမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်
အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့်သူသည် အောက်ပါစည်းကမ်းချက် များနှင့် ကိုက်ညီရမည်-
ဓမ္မာစရိယစာမေးပွဲများဖြစ်ပေါ်လာပုံ
မြန်မာသက္ကရာဇ် ၁၂၉၉-ခုနှစ်တွင် ပါဠိပထမပြန် စာမေးပွဲအပြင် ဓမ္မာစရိယစာမေးပွဲကို စတင် ကျင်းပခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၃၀၄(၁၉၄၂)ခုနှစ်မှစ၍ ၁၃၀၇(၁၉၄၅)ထိ တိုင် အောင် (၄)နှစ်တိတိ စာမေးပွဲများကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။ ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ ပြီးနောက် ပရိယတ္တိပညာရေးပိုင်းအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် သာသနာရေး အထူးအရာရှိထား၍ ယင်းရုံးအဖွဲ့မှ တာဝန်ယူပြီး ပထမပြန်နှင့်ဓမ္မာစရိယစာမေးပွဲကို ကျင်းပခဲ့ သည်။ (၁၃၁၂)၁၉၅၀-ပြည့်နှစ်တွင် ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေကို ပြဋ္ဌာန်း၍ ယင်း အက်ဥပဒေအရ ပါဠိတက္ကသိုလ်များ တည်ထောင်ကာ ပါဠိတက္ကသိုလ်ဝင်ကျောင်းများမှ ဆရာတော် သံဃာတော်များပါဝင်သော ပါ
ပါဠိပထမပြန်စာမေးပွဲများဖြစ်ပေါ်လာပုံ
၁။ ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော်ကြီး ထွန်းကားရေးကို အဓိကထား၍ ပါဠိပထမပြန်စာမေးပွဲကို သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ်(၁၀ဝဝ)ပြည့် နှစ်၊ ခရစ်နှစ် (၁၆၃၈)ခုနှစ်တွင်စတင်ကျင်းပခဲ့ပါသည်။ စာမေးပွဲပြန်ဆိုမေးမြန်းပုံမှာ ပါဠိကို နှုတ်တက် အာဂုံပြန်ဆိုစေခြင်း၊ အနက်ဓိပ္ပါယ်ကိုနှုတ်ဖြင့်မေး၍ နှုတ်ဖြင့်ဖြေဆိုစေခြင်း နှစ်မျိုးဖြစ်သည်။ ပါဠိ ပထမပြန်စာမေးပွဲကို ခေတ်အဆက်ဆက်ကျင်းပခဲ့ရာ သက္ကရာဇ်-၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူ ချိန်မှစ၍ (၁၀)နှစ် တိုင်တိုင် ပထမပြန်စာမေးပွဲ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။
ပဉှာဝါရသင်္ချာ(၁)
ဆရာကြီးဦးတင်ဝင်း (ဒိုက်ဦး-သုံးခွ) ရေးသားပူဇော်ထားသည့် ပဉှာဝါရသင်္ချာ(၁) စာအုပ်တင်ပေးလိုက်ပါတယ်။ စာအုပ်ပေးပို့သည့် ဆရာကြီးဦးတင်ဝင်း အား အထူးကျေးဇူးတင်ရှိပါသည်။
ပဉွာ၀ါရသခ်ၤာ(၁)