ဓမ္မမော်ကွန်းတိုက်အကြောင်း

ဓမ္မမော်ကွန်းတိုက် Website ကို ဝါသနာတူ ဓမ္မမိတ်ဆွေလူငယ်များ စုစည်း၍ ဓမ္မစာမေးပွဲ ဖြေဆိုကြမည့် ပုဂ္ဂိုလ်များ (အထူးသဖြင့် လူပုဂ္ဂိုလ်များ ဖြေဆိုသည့် စာမေးပွဲများ) အတွက် ရည်ရွယ်၍ တည်ထောင်ထားခြင်း ဖြစ်ပါသည်။ တရားဓမ္မစာအုပ်များ၊ အသံဖိုင်များနှင့် Video များကို Upload ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများထံ ခွင့်ပြုချက် တောင်းယူပြီးမှ တင်ပြခြင်း ဖြစ်ပါသည်။ www.kbrl.gov.mm တွင် Upload ပြုလုပ်ထားသည့် ပါဠိတော်စာအုပ်များကို အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက ကြီးမှူးကျင်းပသည့် အာဂုံစာမေးပွဲအတွက် ပြဋ္ဌာန်းထားသော အစိတ်အပိုင်း (၁၅)ပိုင်းနှင့် ကိုက်ညီမှုရှိအောင်လည်း စီစဉ်ထားရှိကြောင်း ဝန်ခံဖော်ပြအပ်ပါသည်။

Admin Team