ဓါတုကထာက်မ္း (၂)

ဆရာမကြီးဒေါက်တာဝင်းမြင့်သိန်းဓမ္မဒါန သင်ကြားပို့ချသောလူပုဂ္ဂိုလ်များဆိုင်ရာ "မာတိကာ" သင်ခန်းစာ

ဆရာမကြီးဒေါက်တာဝင်းမြင့်သိန်း ပို့ချသည့် "ဓာတုကထာ(၁+၂)'' ဗီဒီယိုဖိုင်များ တင်ပေးလိုက်ပါသည်။ Youtube တွင် တင်ထားပြီး ဖြစ်သည့်အတွက် ယင်း Link များကိုပါ ဖော်ပြပေးလိုက်ပါသည်။

အမိပမာပရနှင့်ဓမ္မရဲ့ကျမ်းရင်းပို့ချမှုအစီအစဉ်
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️

ဆရာမဒေါက်တာဝင်းမြင့်သိန်း
ဓမ္မဒါန သင်ကြားပို့ချသော
လူပုဂ္ဂိုလ်များဆိုင်ရာ "ဓာတုကထာ(၁+၂)'' သင်ခန်းစာ (၁၉)ခု Youtube Link များ  ....

ဓာတုကထာဇယားစာအုပ်

အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက ကျင်းပတဲ့ အာဂုံစာမေးပွဲကို ဖြေဆိုကြတဲ့အခါ ဇယားနဲ့ ကျက်မှတ်လေ့ ရှိကြပါတယ်။ ဓာတုကထာကျမ်း ပါဠိစာမျက်နှာတစ်ရာကို ဓာတုကထာ(၁)၊ ဓာတုကထာ(၂)ဆိုပြီး (၂)ကျမ်းအဖြစ် ဖြေဆိုရတာဖြစ်ပါတယ်၊ အာဂုံကျက်မှတ်တဲ့သူတွေ လွယ်ကူစေဖို့ ဆရာမလေးဒေါ်မြသက်နု စာစီပြုစုထားတဲ့ ဇယားစာအုပ်လေး တင်ပေးလိုက်ပါတယ်။ လွယ်ကူအဆင်ပြေကြပါစေ။

 

ဓာတုကထာပါရဂူကျမ်း

ဓာတုကထာလေ့လာနေသူများအတွက် စာအုပ်ကောင်းလေးတစ်အုပ်ပါ။ ဓာတုကထာ(၂) ခေါင်းစဉ်အောက်မှာပဲ တင်ပေးထားသော်လည်း ဓာတုကထာ(၁)နဲ့လည်း ဆိုင်ပါတယ်။

ဓာတုကထာ(၂) ပထမပလ္လင် + ဒုတိယပလ္လင်

အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက ကြီးမှူးကျင်းပတဲ့ အာဂုံစာမေးပွဲအတွက် ဓာတုကထာ(၂) ပထမပလ္လင် + ဒုတိယပလ္လင် အသံဖိုင်လေးပါ။ ဓမ္မမိတ်ဆွေ ကိုအောင်သက်နိုင် ရွတ်ဖတ်ပူဇော်ပါသည်။  သတ္တမနယ မှ စုဒ္ဒသမနယ အဆုံးထိ။

ဓာတုကထာ(၂)ပါဠိ

အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက ကျင်းပတဲ့ အာဂုံစာမေးပွဲအတွက် ဓာတုကထာပါဠိတော်စာအုပ်လေးပါ။