ဓမၼာစရိယ

ဓမ္မာစရိယစာမေးပွဲများဖြစ်ပေါ်လာပုံ

မြန်မာသက္ကရာဇ် ၁၂၉၉-ခုနှစ်တွင် ပါဠိပထမပြန် စာမေးပွဲအပြင် ဓမ္မာစရိယစာမေးပွဲကို စတင် ကျင်းပခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၃၀၄(၁၉၄၂)ခုနှစ်မှစ၍ ၁၃၀၇(၁၉၄၅)ထိ တိုင် အောင် (၄)နှစ်တိတိ စာမေးပွဲများကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။ ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ ပြီးနောက် ပရိယတ္တိပညာရေးပိုင်းအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် သာသနာရေး အထူးအရာရှိထား၍ ယင်းရုံးအဖွဲ့မှ တာဝန်ယူပြီး ပထမပြန်နှင့်ဓမ္မာစရိယစာမေးပွဲကို ကျင်းပခဲ့ သည်။ (၁၃၁၂)၁၉၅၀-ပြည့်နှစ်တွင် ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေကို ပြဋ္ဌာန်း၍ ယင်း အက်ဥပဒေအရ ပါဠိတက္ကသိုလ်များ တည်ထောင်ကာ ပါဠိတက္ကသိုလ်ဝင်ကျောင်းများမှ ဆရာတော် သံဃာတော်များ